Wednesday, January 15, 2014

မောင့်ဘဝ

 
 
 
 
 
 
ညအမှောင်ကင်း ၊ ထိန်ထိန်လင်းအောင်
လမင်းစန္ဒာ ၊ ဖန်ခဲ့တယ်.......
ဓနဂုဏ်လွှာ ၊ မထည်ဝါတောာ့
ကိုယ်သာချစ်နဲ့ ၊ ဝေးခဲ့တယ်.........
သြော်..........
ဘ၀အလင်း ၊ ဂုဏ်အဆင်းတွေ
မဲ့ကင်းမေတ္တာ ၊ တို့ကမ္ဘာဝယ်     
ကြေညာစာတမ်း ၊ ဓနလမ်းမှာ           
မျှော်မှန်းတမ်းတ ၊ လွမ်းမပြနိုင်          
ကြွယ်ဝဂုဏ်အင် ၊ မစုံလင်တော့       
  ဖြူစင်နှလုံး ၊ မောင့်အပြုံးတွေ
 ပျက်သုဉ်းဆိတ်ကွယ် ၊ သွားရပြီ.....၊    ။

နှင်းရဲကို

လွမ်း



အလွမ်းတွေကို
ပန်းတွေနဲ့သက်သေပြပါဆိုရင်
မင်းကြည့်လိုက်လေ
နေရာတိုင်းမှာ
ပန်းတွေချည့်ပြည့်နေမှာပါ။    ။

နှင်းရဲကို

သတိ








မေတ္တာဘက်ကမ်း
အချစ်လမ်းကို
ကူးသန်းဖို့ရာ
အကြင်နာတံတား
ပေါင်းကူးထားလည်း
မုသားသစ္စာ
မာယာရှင်များ
မဖြတ်နှင့်။ 

နှင်းရဲကို

Monday, January 13, 2014

အဖြည့်ခံ






နင့်လိုတာဖြည့်ဆည်းဖို့
ငါလူဖြစ်လာတာပါချစ်သူ
နင်လိုချင်တာဖြည့်ဆည်းပေးနေရရင်
ငါဘာာပဲလုပ်ရလုပ်ရ
ကျေနပ်တယ်....။     ။

နှင်းရဲကို

Tuesday, January 7, 2014

သံသယ






စား၊နား၊သွား၊အိပ်
မင်းစိတ်စိုးမိုး
ပုံရိပ်အသွင်
ရင်တွင်ထင်ငြိ
မြင်မိမျက်နှာ
အပျော်ကူးဆက်
ရင်တွင်းနက်သို့
မူးမေ့ဒူးထောက်
သောခတ်ထားတဲ့တံခါးကို
ခေါက်မိပြီလား
ကလေးလေးရယ်.......။        ။

 နှင်းရဲကို

ရောဂါ







သစ္စာပါခင်
မြင်ကတည်းက
ရင်ထဲကကြွေ
ခင်မချွေခင်
ကြွေနှင့်သူပါ
ခင်ရယ်.......။   ။

နှင်းရဲကို

သုံးရာသီ


နွေ
လေကအသုတ်
သစ်ရွက်ဖြုတ်ပြန်
သူ့ခြေသံလား
မြန်ဆန်မနှေး
တို့များပြေးကြည့်
သူမရှိ။         ။

မိုး
ဝဿန်ခါမိုး
ရွာသွန်းဖြိုးလည်း
ဆတိုးမျှော်ပြန်
ကိုယ့်သဏ္ဍာန်ကို
ပြန်ကြည့်လှည့်ပါကလေးရယ်....။     ။

ဆောင်း
နှင်းတွေဝေကျ
သမယမှာ
မေလေလာနိုး
မှန်းမျှော်ကိုး၍
မျက်ရည်ဝေရ
ကိုယ့်ဘ၀ကို
သနားလှည့်ပါ
ကလေးရယ်.. ..။     ။

နှင်းရဲကို