Wednesday, January 15, 2014

မောင့်ဘဝ

 
 
 
 
 
 
ညအမှောင်ကင်း ၊ ထိန်ထိန်လင်းအောင်
လမင်းစန္ဒာ ၊ ဖန်ခဲ့တယ်.......
ဓနဂုဏ်လွှာ ၊ မထည်ဝါတောာ့
ကိုယ်သာချစ်နဲ့ ၊ ဝေးခဲ့တယ်.........
သြော်..........
ဘ၀အလင်း ၊ ဂုဏ်အဆင်းတွေ
မဲ့ကင်းမေတ္တာ ၊ တို့ကမ္ဘာဝယ်     
ကြေညာစာတမ်း ၊ ဓနလမ်းမှာ           
မျှော်မှန်းတမ်းတ ၊ လွမ်းမပြနိုင်          
ကြွယ်ဝဂုဏ်အင် ၊ မစုံလင်တော့       
  ဖြူစင်နှလုံး ၊ မောင့်အပြုံးတွေ
 ပျက်သုဉ်းဆိတ်ကွယ် ၊ သွားရပြီ.....၊    ။

နှင်းရဲကို

No comments:

Post a Comment