Friday, February 21, 2014

နော်

မွန်းကြပ်နေတဲ့
အသိုင်းဝိုင်းကြားထဲ
ထွက်ပေါက်ရှာတာ
ရှာတဲ့သူအပြစ်တဲ့လား

အပြစ်ရှိနေခဲ့တယ်ဆိုရင်လည်း
ကျေနပ်စွာလက်ခံယူရင်း
အဆင်ပြေတဲ့တစ်နေရာ
ရလာခဲ့ရင်တော့
တာ့တာပေါ့

နှင်းရဲကို
21/02/2014





Wednesday, February 19, 2014

ဈေးသည် ဈေးဝယ်

ရောင်းတဲ့လူကတော့
ဘယ်သူဝယ်ဝယ်ရောင်းမှာဘဲ
သူ့အတွက်အမြတ်ရဖို့က
အဓိကလေ

ဝယ်တဲ့လူကလည်း
ဘယ်သူရောင်းရောင်း
သူ့အတွက် ဈေးသက်သာရင်ဝယ်မှာ

တစ်ချို့ဈေးသည်တွေက
မတန်တဆဈေးတင်တတ်သလို
တစ်ချို့ဈေးဝယ်တွေက
မတန်တဆ ဈေးဆစ်ကြတယ်

ဈေးဝယ်နဲ့ဈေးသည်တွေကြား
မကျေနပ်လို့အချင်းများကြရင်
ဘယ်သူမှအကျိုးမရှိဘူး

နှင်းရဲကို
20/02/2014




ပြတ်သားပါ


ဘယ်အရာကိုမဆို
ပြတ်သားအောင်လုပ်တာ
ကိုယ်လုပ်ချင်တာကိုတရားမျှတစွာလုပ်တာ
လူတစ်ယောက်ရဲ့အမှားလား ။

အေး
အမှားလို့ထင်ရင်လည်းထင်ပေါ့
နားလည်အောင်ရှင်းပြချင်စိတ်မရှိဘူး ။

ဘယ်တော့မှလည်း
နားလည်မပေးနိုင်တာကို
အတင်းနားလည်ခိုင်းမှာမဟုတ်ဘူး။

နှင်းရဲကို
19/02/2014

Friday, February 14, 2014

ဒွိဟ



ပြတ်သားတဲ့ဆုံးဖြတ်ချက်
ဘာ့အတွက်ကြောင့်ချဖို့သင်ခက်နေတုန်းးး

တွေ့ဆုံမှုဆိုတာရှိရင်
ခွဲခွါမှုဆိုတာလည်း
ရှိလာဦးမှာဘဲ

တကယ်ပြတ်သားလိုက်ချင်ပေမယ့်
ထောက်ထား စာနာ ငဲ့ညှာစရာ
တစ်စုံတစ်ရာကြောင့်ရယ်

မချနိုင်သေးတဲ့ဆုံးဖြတ်ချက်တွေကြား
ငါသာနစ်မွန်းခံရင်း
တစ်ချိန်လုံးကံကြမ္မာကိုယိုးမယ်ဖွဲ့

နောက်ဆုံးတော့
ကိုယ်သာမပြတ်သားခဲ့တဲ့အပြစ်
နင့်နေအောင်ခံရတတ်တယ်

နှင်းရဲကို
15/02/2014

စိတ်



လူဆိုတာ
ဝန်းကျင်မကောင်းရင်
ကိုယ်ပါလိုက်အရောင်ပြောင်းသွားတတ်ကြတယ်

ရက်စက်တတ်တဲ့
လူတွေ့ရဲ့အလယ်မှာ
ကိုယ်ပါလိုက်ပြီး ရက်စက်ချင်စိတ်တွေပေါက်လာတယ်

ကိုယ့်ဘက်ဘဲသိတတ်တဲ့လူတွေမြင်နေရတော့
ကိုယ်ပါလိုက်ပြီး
တစ်ဖက်သတ်ဆန်ချင်သွားပြန်ရော

မလွယ်လိုက်တာ
လူ့လောကမှာ
အနေတတ်မှ အသေမြတ်မယ်တဲ့
သိများမသိတော့လေသလား

စဉ်းစားရင်းအဖြေရှာမရ
ကြာပါတယ်ကွာ
ရေခဲထည့် လုပ်နောက်တစ်ခွက်
မူးပြီးအိပ်ပျော်သွားတာဘဲ ကောင်းပါတယ်လေ.........