Friday, February 14, 2014

စိတ်



လူဆိုတာ
ဝန်းကျင်မကောင်းရင်
ကိုယ်ပါလိုက်အရောင်ပြောင်းသွားတတ်ကြတယ်

ရက်စက်တတ်တဲ့
လူတွေ့ရဲ့အလယ်မှာ
ကိုယ်ပါလိုက်ပြီး ရက်စက်ချင်စိတ်တွေပေါက်လာတယ်

ကိုယ့်ဘက်ဘဲသိတတ်တဲ့လူတွေမြင်နေရတော့
ကိုယ်ပါလိုက်ပြီး
တစ်ဖက်သတ်ဆန်ချင်သွားပြန်ရော

မလွယ်လိုက်တာ
လူ့လောကမှာ
အနေတတ်မှ အသေမြတ်မယ်တဲ့
သိများမသိတော့လေသလား

စဉ်းစားရင်းအဖြေရှာမရ
ကြာပါတယ်ကွာ
ရေခဲထည့် လုပ်နောက်တစ်ခွက်
မူးပြီးအိပ်ပျော်သွားတာဘဲ ကောင်းပါတယ်လေ.........

No comments:

Post a Comment