မွန်းကြပ်နေတဲ့
အသိုင်းဝိုင်းကြားထဲ
ထွက်ပေါက်ရှာတာ
ရှာတဲ့သူအပြစ်တဲ့လား
အပြစ်ရှိနေခဲ့တယ်ဆိုရင်လည်း
ကျေနပ်စွာလက်ခံယူရင်း
အဆင်ပြေတဲ့တစ်နေရာ
ရလာခဲ့ရင်တော့
တာ့တာပေါ့
နှင်းရဲကို
21/02/2014
Hnin Yae Ko
Friday, February 21, 2014
Wednesday, February 19, 2014
ဈေးသည် ဈေးဝယ်
ရောင်းတဲ့လူကတော့
ဘယ်သူဝယ်ဝယ်ရောင်းမှာဘဲ
သူ့အတွက်အမြတ်ရဖို့က
အဓိကလေ
ဝယ်တဲ့လူကလည်း
ဘယ်သူရောင်းရောင်း
သူ့အတွက် ဈေးသက်သာရင်ဝယ်မှာ
တစ်ချို့ဈေးသည်တွေက
မတန်တဆဈေးတင်တတ်သလို
တစ်ချို့ဈေးဝယ်တွေက
မတန်တဆ ဈေးဆစ်ကြတယ်
ဈေးဝယ်နဲ့ဈေးသည်တွေကြား
မကျေနပ်လို့အချင်းများကြရင်
ဘယ်သူမှအကျိုးမရှိဘူး
နှင်းရဲကို
20/02/2014
ဘယ်သူဝယ်ဝယ်ရောင်းမှာဘဲ
သူ့အတွက်အမြတ်ရဖို့က
အဓိကလေ
ဝယ်တဲ့လူကလည်း
ဘယ်သူရောင်းရောင်း
သူ့အတွက် ဈေးသက်သာရင်ဝယ်မှာ
တစ်ချို့ဈေးသည်တွေက
မတန်တဆဈေးတင်တတ်သလို
တစ်ချို့ဈေးဝယ်တွေက
မတန်တဆ ဈေးဆစ်ကြတယ်
ဈေးဝယ်နဲ့ဈေးသည်တွေကြား
မကျေနပ်လို့အချင်းများကြရင်
ဘယ်သူမှအကျိုးမရှိဘူး
နှင်းရဲကို
20/02/2014
ပြတ်သားပါ
ဘယ်အရာကိုမဆို
ပြတ်သားအောင်လုပ်တာ
ကိုယ်လုပ်ချင်တာကိုတရားမျှတစွာလုပ်တာ
လူတစ်ယောက်ရဲ့အမှားလား ။
အေး
အမှားလို့ထင်ရင်လည်းထင်ပေါ့
နားလည်အောင်ရှင်းပြချင်စိတ်မရှိဘူး ။
ဘယ်တော့မှလည်း
နားလည်မပေးနိုင်တာကို
အတင်းနားလည်ခိုင်းမှာမဟုတ်ဘူး။
နှင်းရဲကို
19/02/2014
Friday, February 14, 2014
ဒွိဟ
ပြတ်သားတဲ့ဆုံးဖြတ်ချက်
ဘာ့အတွက်ကြောင့်ချဖို့သင်ခက်နေတုန်းးး
တွေ့ဆုံမှုဆိုတာရှိရင်
ခွဲခွါမှုဆိုတာလည်း
ရှိလာဦးမှာဘဲ
တကယ်ပြတ်သားလိုက်ချင်ပေမယ့်
ထောက်ထား စာနာ ငဲ့ညှာစရာ
တစ်စုံတစ်ရာကြောင့်ရယ်
မချနိုင်သေးတဲ့ဆုံးဖြတ်ချက်တွေကြား
ငါသာနစ်မွန်းခံရင်း
တစ်ချိန်လုံးကံကြမ္မာကိုယိုးမယ်ဖွဲ့
နောက်ဆုံးတော့
ကိုယ်သာမပြတ်သားခဲ့တဲ့အပြစ်
နင့်နေအောင်ခံရတတ်တယ်
နှင်းရဲကို
15/02/2014
စိတ်
လူဆိုတာ
ဝန်းကျင်မကောင်းရင်
ကိုယ်ပါလိုက်အရောင်ပြောင်းသွားတတ်ကြတယ်
ရက်စက်တတ်တဲ့
လူတွေ့ရဲ့အလယ်မှာ
ကိုယ်ပါလိုက်ပြီး ရက်စက်ချင်စိတ်တွေပေါက်လာတယ်
ကိုယ့်ဘက်ဘဲသိတတ်တဲ့လူတွေမြင်နေရတော့
ကိုယ်ပါလိုက်ပြီး
တစ်ဖက်သတ်ဆန်ချင်သွားပြန်ရော
မလွယ်လိုက်တာ
လူ့လောကမှာ
အနေတတ်မှ အသေမြတ်မယ်တဲ့
သိများမသိတော့လေသလား
စဉ်းစားရင်းအဖြေရှာမရ
ကြာပါတယ်ကွာ
ရေခဲထည့် လုပ်နောက်တစ်ခွက်
မူးပြီးအိပ်ပျော်သွားတာဘဲ ကောင်းပါတယ်လေ.........
Friday, January 31, 2014
တမလွန်မှ အသံ
ငိုခြင်းတွေထပ်နေတဲ့
မိသားစုများရဲ့အလယ်......
ပူဆွေးဝမ်းနည်းခြင်းများစွာနဲ့
အသိုင်းအ၀ိုင်းများအလယ်.....
နှမြောတသခြင်းများစွားနဲ့
သူငယ်ချင်းများအလယ်.....
ထိုထိုလူများစွာအလယ်မှ
ငါ့ကိုဆွဲထုတ်
ပျဉ်ချပ်တွေကိုသံနဲ့ထုရိုက်
ရှည်မျောမျောခေါင်းတလားကြီးထဲ
ငါ့ကိုဆွဲသွင်း
ငါ့အိမ်နဲ့ဝေးရာအရပ်မှာ
တွင်းနက်နက်တူးပြီး
တလိမ့်လိမ့်ကျလာတဲ့မြေမှုံတွေကြား
တဖြည်းဖြည်းခြင်းနစ်မြှုပ်
အမျှဝေသံကြားရအောင်
ပေါ့ပါးတဲ့ငါ့ခန္ဒာကိုယ်ကို
လေနဲ့အတူမြောလွင့်
ငါသာဓုခေါ်ရအောင်
ငါ့ကိုယ်စားကောင်းမှုကုသိုလ်လေးလုပ်ပြီး
ငါ့ကိုအမျှဝေပေးကြပါ
ငါ့ကိုအမျှပေးဝေကြပါ..
နှင်းရဲကို
01/02/2014
SORRY
ဒေါကြီးမောကြီးနဲ့
ပြောချင်တိုင်းပြောပြီးကာမှ
နောက်ဆုံးအဆုံးသတ်လိုက်တော့
ဆောရီးတဲ့ ဟွန့်
မှတ်တောင်မှထားရဦးမယ်
နှင်းရဲကို
01/02/2014
Subscribe to:
Posts (Atom)