Friday, February 14, 2014

ဒွိဟ



ပြတ်သားတဲ့ဆုံးဖြတ်ချက်
ဘာ့အတွက်ကြောင့်ချဖို့သင်ခက်နေတုန်းးး

တွေ့ဆုံမှုဆိုတာရှိရင်
ခွဲခွါမှုဆိုတာလည်း
ရှိလာဦးမှာဘဲ

တကယ်ပြတ်သားလိုက်ချင်ပေမယ့်
ထောက်ထား စာနာ ငဲ့ညှာစရာ
တစ်စုံတစ်ရာကြောင့်ရယ်

မချနိုင်သေးတဲ့ဆုံးဖြတ်ချက်တွေကြား
ငါသာနစ်မွန်းခံရင်း
တစ်ချိန်လုံးကံကြမ္မာကိုယိုးမယ်ဖွဲ့

နောက်ဆုံးတော့
ကိုယ်သာမပြတ်သားခဲ့တဲ့အပြစ်
နင့်နေအောင်ခံရတတ်တယ်

နှင်းရဲကို
15/02/2014

No comments:

Post a Comment