Tuesday, January 7, 2014

သုံးရာသီ


နွေ
လေကအသုတ်
သစ်ရွက်ဖြုတ်ပြန်
သူ့ခြေသံလား
မြန်ဆန်မနှေး
တို့များပြေးကြည့်
သူမရှိ။         ။

မိုး
ဝဿန်ခါမိုး
ရွာသွန်းဖြိုးလည်း
ဆတိုးမျှော်ပြန်
ကိုယ့်သဏ္ဍာန်ကို
ပြန်ကြည့်လှည့်ပါကလေးရယ်....။     ။

ဆောင်း
နှင်းတွေဝေကျ
သမယမှာ
မေလေလာနိုး
မှန်းမျှော်ကိုး၍
မျက်ရည်ဝေရ
ကိုယ့်ဘ၀ကို
သနားလှည့်ပါ
ကလေးရယ်.. ..။     ။

နှင်းရဲကို

 

No comments:

Post a Comment