Friday, January 31, 2014

တမလွန်မှ အသံ


ငိုခြင်းတွေထပ်နေတဲ့
မိသားစုများရဲ့အလယ်......
ပူဆွေးဝမ်းနည်းခြင်းများစွာနဲ့
အသိုင်းအ၀ိုင်းများအလယ်.....
နှမြောတသခြင်းများစွားနဲ့
သူငယ်ချင်းများအလယ်.....

ထိုထိုလူများစွာအလယ်မှ
ငါ့ကိုဆွဲထုတ်

ပျဉ်ချပ်တွေကိုသံနဲ့ထုရိုက်
ရှည်မျောမျောခေါင်းတလားကြီးထဲ
ငါ့ကိုဆွဲသွင်း

ငါ့အိမ်နဲ့ဝေးရာအရပ်မှာ
တွင်းနက်နက်တူးပြီး
တလိမ့်လိမ့်ကျလာတဲ့မြေမှုံတွေကြား
တဖြည်းဖြည်းခြင်းနစ်မြှုပ်

အမျှဝေသံကြားရအောင်
ပေါ့ပါးတဲ့ငါ့ခန္ဒာကိုယ်ကို
လေနဲ့အတူမြောလွင့်

ငါသာဓုခေါ်ရအောင်
ငါ့ကိုယ်စားကောင်းမှုကုသိုလ်လေးလုပ်ပြီး
ငါ့ကိုအမျှဝေပေးကြပါ
ငါ့ကိုအမျှပေးဝေကြပါ..

နှင်းရဲကို
01/02/2014

SORRY






ဒေါကြီးမောကြီးနဲ့
ပြောချင်တိုင်းပြောပြီးကာမှ
နောက်ဆုံးအဆုံးသတ်လိုက်တော့
ဆောရီးတဲ့   ဟွန့်
 မှတ်တောင်မှထားရဦးမယ်

နှင်းရဲကို
01/02/2014


ဝန်းကျင်


အသင်ဝန်းကျင်
တရားတာကိုခံနေလိုက်ရင်
ကျနော်သာတရားခံဖြစ်လိမ့်တော့မပေါ့
မတရားတာကိုခံနေပြန်တော့
မတုန်မလှုပ်ကျောက်ရုပ်တဲ့

ကျုပ်ဘယ်လိုလုပ်မှ
အဆင်ပြေချောမွေ့မှုတွေ
လက်ကမ်းကြိုဆိုနေမှာပါလဲ
မှားလည်းမှား မှန်လည်းမှားဖြစ်နေတဲ့ဘ၀မှာ
မှန်တာတွေမလုပ်တော့ဘဲ
မှားတာတွေဘဲလုပ်ချင်နေမိတော့တယ်

နှင်းရဲကို
31/1/2014


Wednesday, January 22, 2014

ဘယ်သူ့ကြောင့်လဲ


သော့အထပ်ထပ်ခတ်ထားတဲ့တံခါးတစ်စုံကို
နည်းပရိယာယ်အမျိုးမျိုးနဲ့ရောက်လာကာ
အတင်းထုရိုက်ပွင့်အောင်ကြိုးစား
သော့ပွင့်ခါနီးမှမင်းကလှည့်ပြန်သွားတော့
သော့အိမ်နာတာပဲအဖတ်တင်ခဲ့ပေါ့။ 

ဖြူစင်နေတဲ့နှလုံးသားတစ်စုံကို
အညစ်အကြေးတွေနဲ့လာပက်ဖြန်း
ဆေးရောင်လှလှခြယ်ပေးတာပါလို့
စကားလုံးလှလှလေးတွေနဲ့ပြော
        တရားလိုက်တဲ့လောကကြီးရယ်........ 

ကောင်မလေးရယ်
အညာကိုအခါခါမိခဲ့ဖူးတဲ့ငါ့နှလုံးသား
လူညာတွေနဲ့ချည်းတွေ့ခဲ့ရဖူးတော့
                  မင်းကိုလည်းငါလူညာတစ်ယောက်လို့ပဲထင်ခဲ့မိတယ်။             

ဘာပဲဖြစ်ဖြစ်စစ်မှန်တဲ့အချစ်နဲ့
ကိုယ့်ကိုချစ်တဲ့မင်းလေးကိုတော့
                         သနားမိတယ်ကလေးလေးရယ်......။               

နှင်းရဲကို



ညညဆို
ပိုလို့တမ်းတ
သတိရတယ်
ချစ်ဆုံးသိမှာ
      ဟုတ်ဖူးနော်။     ။

နှင်းရဲကို

Wednesday, January 15, 2014

မောင့်ဘဝ

 
 
 
 
 
 
ညအမှောင်ကင်း ၊ ထိန်ထိန်လင်းအောင်
လမင်းစန္ဒာ ၊ ဖန်ခဲ့တယ်.......
ဓနဂုဏ်လွှာ ၊ မထည်ဝါတောာ့
ကိုယ်သာချစ်နဲ့ ၊ ဝေးခဲ့တယ်.........
သြော်..........
ဘ၀အလင်း ၊ ဂုဏ်အဆင်းတွေ
မဲ့ကင်းမေတ္တာ ၊ တို့ကမ္ဘာဝယ်     
ကြေညာစာတမ်း ၊ ဓနလမ်းမှာ           
မျှော်မှန်းတမ်းတ ၊ လွမ်းမပြနိုင်          
ကြွယ်ဝဂုဏ်အင် ၊ မစုံလင်တော့       
  ဖြူစင်နှလုံး ၊ မောင့်အပြုံးတွေ
 ပျက်သုဉ်းဆိတ်ကွယ် ၊ သွားရပြီ.....၊    ။

နှင်းရဲကို

လွမ်း



အလွမ်းတွေကို
ပန်းတွေနဲ့သက်သေပြပါဆိုရင်
မင်းကြည့်လိုက်လေ
နေရာတိုင်းမှာ
ပန်းတွေချည့်ပြည့်နေမှာပါ။    ။

နှင်းရဲကို