Friday, February 14, 2014

ဒွိဟ



ပြတ်သားတဲ့ဆုံးဖြတ်ချက်
ဘာ့အတွက်ကြောင့်ချဖို့သင်ခက်နေတုန်းးး

တွေ့ဆုံမှုဆိုတာရှိရင်
ခွဲခွါမှုဆိုတာလည်း
ရှိလာဦးမှာဘဲ

တကယ်ပြတ်သားလိုက်ချင်ပေမယ့်
ထောက်ထား စာနာ ငဲ့ညှာစရာ
တစ်စုံတစ်ရာကြောင့်ရယ်

မချနိုင်သေးတဲ့ဆုံးဖြတ်ချက်တွေကြား
ငါသာနစ်မွန်းခံရင်း
တစ်ချိန်လုံးကံကြမ္မာကိုယိုးမယ်ဖွဲ့

နောက်ဆုံးတော့
ကိုယ်သာမပြတ်သားခဲ့တဲ့အပြစ်
နင့်နေအောင်ခံရတတ်တယ်

နှင်းရဲကို
15/02/2014

စိတ်



လူဆိုတာ
ဝန်းကျင်မကောင်းရင်
ကိုယ်ပါလိုက်အရောင်ပြောင်းသွားတတ်ကြတယ်

ရက်စက်တတ်တဲ့
လူတွေ့ရဲ့အလယ်မှာ
ကိုယ်ပါလိုက်ပြီး ရက်စက်ချင်စိတ်တွေပေါက်လာတယ်

ကိုယ့်ဘက်ဘဲသိတတ်တဲ့လူတွေမြင်နေရတော့
ကိုယ်ပါလိုက်ပြီး
တစ်ဖက်သတ်ဆန်ချင်သွားပြန်ရော

မလွယ်လိုက်တာ
လူ့လောကမှာ
အနေတတ်မှ အသေမြတ်မယ်တဲ့
သိများမသိတော့လေသလား

စဉ်းစားရင်းအဖြေရှာမရ
ကြာပါတယ်ကွာ
ရေခဲထည့် လုပ်နောက်တစ်ခွက်
မူးပြီးအိပ်ပျော်သွားတာဘဲ ကောင်းပါတယ်လေ.........

Friday, January 31, 2014

တမလွန်မှ အသံ


ငိုခြင်းတွေထပ်နေတဲ့
မိသားစုများရဲ့အလယ်......
ပူဆွေးဝမ်းနည်းခြင်းများစွာနဲ့
အသိုင်းအ၀ိုင်းများအလယ်.....
နှမြောတသခြင်းများစွားနဲ့
သူငယ်ချင်းများအလယ်.....

ထိုထိုလူများစွာအလယ်မှ
ငါ့ကိုဆွဲထုတ်

ပျဉ်ချပ်တွေကိုသံနဲ့ထုရိုက်
ရှည်မျောမျောခေါင်းတလားကြီးထဲ
ငါ့ကိုဆွဲသွင်း

ငါ့အိမ်နဲ့ဝေးရာအရပ်မှာ
တွင်းနက်နက်တူးပြီး
တလိမ့်လိမ့်ကျလာတဲ့မြေမှုံတွေကြား
တဖြည်းဖြည်းခြင်းနစ်မြှုပ်

အမျှဝေသံကြားရအောင်
ပေါ့ပါးတဲ့ငါ့ခန္ဒာကိုယ်ကို
လေနဲ့အတူမြောလွင့်

ငါသာဓုခေါ်ရအောင်
ငါ့ကိုယ်စားကောင်းမှုကုသိုလ်လေးလုပ်ပြီး
ငါ့ကိုအမျှဝေပေးကြပါ
ငါ့ကိုအမျှပေးဝေကြပါ..

နှင်းရဲကို
01/02/2014

SORRY






ဒေါကြီးမောကြီးနဲ့
ပြောချင်တိုင်းပြောပြီးကာမှ
နောက်ဆုံးအဆုံးသတ်လိုက်တော့
ဆောရီးတဲ့   ဟွန့်
 မှတ်တောင်မှထားရဦးမယ်

နှင်းရဲကို
01/02/2014


ဝန်းကျင်


အသင်ဝန်းကျင်
တရားတာကိုခံနေလိုက်ရင်
ကျနော်သာတရားခံဖြစ်လိမ့်တော့မပေါ့
မတရားတာကိုခံနေပြန်တော့
မတုန်မလှုပ်ကျောက်ရုပ်တဲ့

ကျုပ်ဘယ်လိုလုပ်မှ
အဆင်ပြေချောမွေ့မှုတွေ
လက်ကမ်းကြိုဆိုနေမှာပါလဲ
မှားလည်းမှား မှန်လည်းမှားဖြစ်နေတဲ့ဘ၀မှာ
မှန်တာတွေမလုပ်တော့ဘဲ
မှားတာတွေဘဲလုပ်ချင်နေမိတော့တယ်

နှင်းရဲကို
31/1/2014


Wednesday, January 22, 2014

ဘယ်သူ့ကြောင့်လဲ


သော့အထပ်ထပ်ခတ်ထားတဲ့တံခါးတစ်စုံကို
နည်းပရိယာယ်အမျိုးမျိုးနဲ့ရောက်လာကာ
အတင်းထုရိုက်ပွင့်အောင်ကြိုးစား
သော့ပွင့်ခါနီးမှမင်းကလှည့်ပြန်သွားတော့
သော့အိမ်နာတာပဲအဖတ်တင်ခဲ့ပေါ့။ 

ဖြူစင်နေတဲ့နှလုံးသားတစ်စုံကို
အညစ်အကြေးတွေနဲ့လာပက်ဖြန်း
ဆေးရောင်လှလှခြယ်ပေးတာပါလို့
စကားလုံးလှလှလေးတွေနဲ့ပြော
        တရားလိုက်တဲ့လောကကြီးရယ်........ 

ကောင်မလေးရယ်
အညာကိုအခါခါမိခဲ့ဖူးတဲ့ငါ့နှလုံးသား
လူညာတွေနဲ့ချည်းတွေ့ခဲ့ရဖူးတော့
                  မင်းကိုလည်းငါလူညာတစ်ယောက်လို့ပဲထင်ခဲ့မိတယ်။             

ဘာပဲဖြစ်ဖြစ်စစ်မှန်တဲ့အချစ်နဲ့
ကိုယ့်ကိုချစ်တဲ့မင်းလေးကိုတော့
                         သနားမိတယ်ကလေးလေးရယ်......။               

နှင်းရဲကို



ညညဆို
ပိုလို့တမ်းတ
သတိရတယ်
ချစ်ဆုံးသိမှာ
      ဟုတ်ဖူးနော်။     ။

နှင်းရဲကို